အလည်လာသူများ

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ချစ်ရေးချစ်ရာ. Show all posts
Showing posts with label ချစ်ရေးချစ်ရာ. Show all posts

Thursday, February 18, 2016

ချစ်သူ့အနားမှာ

မ မောင်တို့ ခိုးပြေးရအောင်ကွာ”
”မောင်ကလည်း စောပါသေးတယ် မောင်က ငယ်သေးတယ်လေ”ထိုစကား လေးတစ်ခွန်းဖြင့် မင်းလူ စောင့်နေခဲ့တာသီတင်းကျွတ်တွေ ပင် မနည်းတော့ ။ရွှေ၊ငွေ၊ဂုဏ်ပကာ သန တွေနဲ့
မွေ့လျှော်နေတဲ့နွယ်နွယ်တို့ အသိုင်းအဝိုင်း က မင်းလူလို တစ်ကောင်ကြွက်
အလုပ်မရှိအက်ုင်မရှိ တစ်ယောက်နဲ့ သဘောမတူတာမိဘတွေရဲ့ သားသမီးပေါ် ထားတဲ့
အချစ်ဆို မမှားပါဘူး။ငယ်ရည်းစား တွေ ဆိုတော့လည်း မင်းလူ ဘက်ကတော့
အစားထိုးစရာ မရှိတော့သည့် တိုင် ချစ်မိခဲ့သည်။ူ

သူတို့ နှစ်ယောက်၏ အချစ်က နစ်ကြာလာလေ
ခိုင်မြဲလာလေ မရိုးနိုင်အောင် ရစ်ပတ်ခဲ့သည်။’မောင် မတို့ အိမ်ပြောင်းမလို့ ”
”ဘာလည်း မောင့်အိမ်လာ နေမလို့လားဟားဟား””မဟုတ်ပါဘူး ဒီမြို့ကနေ အပြီးပြောင်းတော့မှာ ”
မင်းလူ ရယ်သံများ ကွယ်ပျောက်သွားသည်”ဟင်း တကယ်လား မောင်တို့ခိုးပြေးရအောင်မရယ်”
နွယ်နွယ် ပါးပြင်ပေါ် က စီးကျလာသော မျက်ရည်များကို အံတုရင်း တုန်ရီစွာဖြင့်

”မ ကိုမေ့လိုက်ပါတော့ မောင်ရယ် လူကြီးတွေ စီစဉ်တဲ့အတိုင်း မနေတော့မယ်”
မင်းလူး စကားပြန်ပြောရန် ဟန်ပြင်နေစဉ် မှာပဲသူမလှည့်ထွက်သွားခဲ့ သည်။
မျက်ရည် စများဖြင့် ပြည့်နှက်နေသော မင်းလူး မျက်ဝန်ကိုယှဉ်ပြိုင် မကြည့်ဝံ့သောကြောင့်ထင်သည်။

မချစ်လို့ လက်တွဲဖြုတ်ကျသည် မဟုတ် မင်းလူ ဆိုတဲ့ကောင်ကို ယူရင် သေခန်းပျက်ဆိုသော မိဘ တို့၏
စကားက တစ်ဖတ် နှင့်မို့ အချစ်ကို နှင်ချေ ခဲ့သည့်သူမ နွယ်နွယ်
#############################

မင်းလူတစ်ယောက် စိတ်ပေါက်ပေါက် နှင့် အရက်သာသောက်နေတော့သည် သူကိုယ်တိုင်လည်း
ဘာမှမတက်နိုင်။ တစ်ကောင်ကြွက်ဘဝ နှင့် ဆင်းရဲနုံချာသော သူ့ဘဝ ကို အားမရ ဖြစ်ခဲ့သည်။

ထိုမှစ၍
သူကိုယ်တိုင်က လည်း အလုပ်ကို နေဆက်ညဆက်လုပ်လာခဲ့သည် အခုဆိုလျှင် ၆လ ပြည့်လေပြီး။
ချစ်ရသူနွယ် ရဲ့ သတင်းကိုတော့ အစအန တစ်ခါတစ်လေကြားရသေးသည်။
နွယ်နွယ် ကတော့ မိဘတွေရဲ့ စကားတွေကြားမှာပဲသူ့ဘဝကို ပျော်ရွှင်စေခဲ့ပါပြီး။

”ဒါက ကျွန်တော်တို့သား အောင်ခန့် ပါအလုပ်က လွှတ်ထားလို့ မရတော့ တော်တော်နဲ့
မလာဖြစ်တာစိတ်မရှိပါနဲ့””ဟာဗျာ ရပါတယ် ကိုတင်ထွဋ် ရာပြောရမဲ့လူတွေမှမဟုတ် ဒါနဲ့လာရင်းကိစ္စက’

”သားရေးသမီးရေးပေါ့ ဗျာ ကျုပ်သားကို ထိန်းကြောင်းဖို့
လူလိုနေပြီးဗျ ဟားးး”

”ကဲပါဗျာ အမြန်စုံး စီစဉ်လိုက်ကြတာပေါ့”နှစ်ဖတ်မိဘများ ၏ အစီအစဉ် ဖြင့် နွယ်နွယ်တို့ မင်္ဂလာပွဲ
ကျင်ပခဲ့ကြသည်။မိဘ သဘောကျပေမို့ နွံယ်နွယ်တစ်ယောက်စောတက တက်မနေတော့ လက်ခံခဲ့သည်။

မင်္ဂလာ ဖိတ်စာကို လူကြုံနှင့် မင်းလူစီသို့ ပို့ဖြစ်ခဲ့သည်သို့သော် ထိုမင်္ဂလာပွဲ မင်းလူ မရောက်လာခဲ့ပါချေ။
လူကြုံ နှင့် စာတစ်ခုတော့ ရောက်လာခဲ့သည်။စာအိပ်ငယ်ပေါ်တွင် စာငယ်တစ်ခု ရေးထားလေသည်။

မနွယ်နွယ်စီသို့

(ထိုနေ့မှ စ၍ 6လပြည့်မှ ဖွင့်ပါရန်)

မင်းလူ

နွယ်နွယ် အောင်ခန့် မသိအောင်စာအိပ်လေး သိမ်းထားလိုက်လေသည်။်
တစ်လ ပြည့်သောအခါ နွယ်နွယ်နှင့် အောင်ခန့်တို့အိမ်ခွဲခဲ့ကြသည်။

ညာကာ စ ဇနီးမောင်နှံ ပေမို့ ဇနီးကို မျက်စိအောက်ကအပျောက်မခံ ထိုပြုစု မူတွေကြား
မင်းလူဆိုတာနွယ်နွယ်ရဲ့ စိတ်ထဲမှာ ဘာမှ မရှိတော့တစ်ချိန်ကတော့ သူမ လည်း အသည်းနဲ့
ထပ်တူ ချစ်ခဲ့ဖူးပါသည်။တစ်ဖြည်းဖြည်းနှင့် အောင်ခန့် ဇာတိက ပေါ်လာသည်။

မိန်းမရူပ်တဲ့ အပြင် အရက်ပါ နေတိုင်း သောက်သည်ညာကာစ တုန်းက တော့ ထိုသို့မဟုတ်
အခုဆိုရစ်ပါရစ်တောသည်။အရင်မင်းလူ နှင့် ကြိုက်ခဲ့ သည်ကိုပါ သိသွားခဲ့၍မူးလာလျှင်ရစ်တက်လာသည်။

”ကိုအောင်ခန့် ရှင် တစ်ညတစ်လေလောက် မသောက်ပဲနေပါ့လား”
”တစ်ခါတစ်လေပါ နွယ်ရဲ့” ”ရှင့်အချိုးနဲ့တော့ ကျွန်မ ရင်လေးပါတယ်”အောင်ခန့် သူခိုးလူမိသွားသလို မျက်နာထားနှင့် ”ဘာ!!! နင့်အချိုးကရော ဘာမို့လို့လည်း ငါ့ကိုများကြီးကြီးကျယ်ကျယ်နဲ့ငါနော်”

အောင်ခန့် လက်ဖြင့်နွယ်နွယ်အား ရွယ်လိုက်သည်

”ဖောင်းး”

သူက လက်ရွယ်ယုံသာ တစ်ဖတ်က ပြန်ရိုက်လိုက်သည် ”ဟင်းနင်က ရိုက်ရဲတယ်ပေါ့”

”ကျွန်မ ဘာလုပ်လို့လည်း ကိုအောင်ခန့်”

ပြင်းထန်လှသော ရိုက်ချက်ကြောင့် အောင်ခန့် ပြာဝေသွားသည်။
ဒေါသလည်း တော်တော်ထွက်သွား သည် မယားကိုသာ မဲလေတော့သည်။

”ငါ့မိဘ တွေက အတင်ပေးစီစဉ်လို့သာပေါ့နင့်အရင်ရည်းစာ ထပ်သာတော့ နင်ဘယ်ငြင်းမလည်း”

”ရှင်ကျွန်မ ကို အဲ့လိုမပြောနဲ့ ကျွန်မ မိကောင်းဖခင်သားသမီးပါ”
နွယ်နွယ် တစ်ယောက် ရှက်သွားပြီး ငိုချင်လာသည် သူမ ကို မိဘ တွေပေးစားလို့ အတင်ယူရတဲ့ ပုံစံ၊ငွေကြေးရှိလို့ ယူခဲ့တဲ့ပုစံနှင့်ပြောနေခြင်းကြောင့်ဖြစ်သည်။

မိန်ကလေး တစ်ယောက် ထိုသို့ အပြော ခံရသည်မှာမြိုသိပ် မနိုင်တော့ နွယ်နွယ် ငိုချ လိုက်သည်။

”ဟင့်းးးအီးးးဟီးးးးး”’

”ဝုန်းးး”

ပြင်းထန်လှသော ထိချက်ကြောင့် အောင်ခန့် လှဲကျသွားသည်။မူးနေသည့် ကတစ်ကြောင်း
ထိချက် အရိုန်က တစ်ကြောင်း မို့ ထိုည အောင်ခန့် မထနိုင်တော့ပေ မနက်လင်းတော့ အရက်ရိုန်ကြောင့် ကောင်းကောင်းမမှတ်မိတော့ပဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားသည်။

ထိုည အမူအယာ ကို နွယ်နွယ်သာ အကုန်မှတ်မိသည်ပြန်တော့ မပြောရဲချေ။

”ဘယ် က နင့်ယောက်ျာ လာတာလည်းဆို ရှင်းမပြဖြစ်တော့မည် အရင်ထဲက အပြစ်မရှိအပြစ်ရှာ
နေချင်သည် သူအကြောင်းတွေသိ၍ရှက်ရမ်းရမ်းကာ ဘာမဟုတ်တာကို ဟောက်တက်သည်။

နောက်ည များမှာလည်း စကားများတိုင်းထိုဘယ်က လာမှန်း မသိသော ရိုက်ချက်ဖြင့် အောင်ခန့်
ခံရပေါင်း များလာသည်သူကိုယ်တိုင်ပါ ကြောက်လန့်လာခဲ့လေသည်။

အောက်လမ်းဆရာများ ခေါ်၍ အိမ်ကို အစီအမံ ယတြာများ ဖြင့်ပြုလုပ်ကြသည်။
သူမမူးပဲ စကားမများသော နေဆို လျှင့် တစ်စိုတစ်စိမှထူးခြားမူမရှိ။

အောင်ခန့် မမူးပဲ ရန်ရှာကြည့် သည် နေဘက် တော့မထူးခြား ညဘက်ဆိုလျှင်
ဘယ်ကလာမှန်းမသိသောရိုက်ချက်က အောင်ခန့်ကို ပြာဝေထူပူသွားတက်သည်။

အရက်အိမ်ပိုင်ရှင်ကို မေးသော်လည်း ထိုအဖြစ်အပျက်မျိုးတစ်ခါမှတောင် မကြုံဘူး ဟုပြောသည်။

အောင်ခန့်နောက်ပိုင်း အရက်သိပ်မသောက်ဖြစ်တော့မူးလာလို့ စကားမှားသွားရင် အရိုက်ခံနေရသည်။
တစ်နေ့ အောင်ခန့် ဆရာ တစ်ယောက် ခေါ်ကာအိမ်သို့ပြန်လာသည်။

”ငါ့တူ ပြောတာ သေချာလား ” ”ဟုတ်ပါတယ် ကျွန်တော့ ဇနီးနွယ်ကို မေးကြည့်ပါ”
လင်မယား နစ်ယောက် အကျိုးအကြောင်း ဖြစ်စဉ်ကို ပြောပြလိုက်သည်။
”ဒါဆို မမူးလို့ စကားမများရင် ဘာမှ မဖြစ်ဘူးပေါ့” ”ဟုတ်ပါတယ် ဒီအိမ်က နတ်ကြီးတာလား”

”မဟုတ်လောက်ဘူး ငါ့တူရ”

ဆရာမှာ တစ်ခုခု ကို သေချာစဉ်းစားရင်း ”ဆရာထင်တာတော့ သမီးနွယ်နွယ်ကိုစောင့်ရှောက်တယ်
ထင်တာပဲ ဒါနဲ့ သမီး အမျိုးဘက်က ဒီလပိုင်း ဘယ်သူဆုံးလည်း”
နွယ်နွယ် အမျိုးဘက်ကလည်း တစ်ယောက်မှ ဆုံးတယ်မကြားအဲလောက် ချစ်တဲ့လူက လည်း
အမေအဖေ သာရှိသည်
”မရှိပါဘူး ဘာလို့လည်းဆရာ””သမီးနဲ့ အရင်းနှီး ဆုံးလူတစ်ယောက် ဖြစ်မယ်ထင်တယ်”

နွယ်နွယ် စဉ်းစားရင်း တွေဝေသွားလေသည်။သူတစ်ခု ခု ကို သတိယ ဟန်ဖြင့် အိမ်ခန်းထဲ ဝင်သွားသည်။

သေတ္တာ တစ်ခု အတွင်းမှ စာတစ်ခု ကို ဖွင့်ဖတ်လိုက်သည်။

”မရယ်
ဒီဘဝ မနီးစပ်ရရင်လည်းနောက်ဘဝ ကို မျှော်နေပါ့မယ်
မောင်ဘယ်ဘဝရောက်ရောက်မ အနားမှာပါ
ဒီဘဝ အတွက် နုတ်ဆက်ခဲ့ပါတယ်”

မင်းလူ

ဒါဆို သူမ ကို စောင့်ရှောက်နေတားးးးးး

နွယ်နွယ် စာလေးကို ဆုတ်ကိုင်ရင်းးးးးးမျက်ရည်များ
ကျဆင်းလာသည်။

Credit:YarGaLay

Monday, February 15, 2016

လွန်ခဲ့သော လေးနှစ် …..(ချစ်သူတိုင်းဖတ်ကြည့်စေချင်တယ်...)

ကျွန်မတို့ချစ်သူဖြစ်ပြီး သိပ်မကြာခင် ကျွန်မချစ်သူက မေးပါတယ်။
သူ တစ်နေ့ကျရင် သူများနဲ့ လက်ထပ်သွားရင် မင်းဘယ်လိုလုပ်မလဲတဲ့ ။
“ လုပ်ရဲလုပ်ကြည့် ၊ သတ်ပစ်လိုက်မယ်လို့ ” ကျွန်မ ရီပြီး ပြန်ဖြေခဲ့ပါတယ်။
သူကလည်း “ စတာပါကွာ ဘာလို့သူများကိုယူရမှာလဲ ” တဲ့။

လွန်ခဲ့သော နှစ်နှစ်…..
အလားတူ မေးခွန်းမျိုး သူထပ်ပြီးမေးလာခဲ့ပါတယ်။
ကျွန်မလည်း “ သူများကို ယူသွားရင်တော့ … တစ်သက်လုံး ယောကျာ်းမယူတော့ဘူး ” လို့ပြန်ဖြေလိုက်တော့ သူ့မျက်နှာက ပီတိတွေဖြာနေခဲ့ပါတယ်။
ကျွန်မတို့ ချစ်သူသက်တမ်း လေးနှစ်ပြည့်တော့ ….
“ ကိုယ်တစ်နေ့ သူများနဲ့လက်ထပ်သွားရင် ဘယ်လိုလုပ်မလဲ” ဆိုပြီး ထပ်မေးလာပြန်ပါတယ်။
ကျွန်မသူ့ဘေးနားမှာထိုင်ကရာနေထပြီး သူ့ရှေ့တည့်တည့်မှာ ရပ်နေလိုက်ပါတယ်။
ပြီးတော့ သူ့မျက်လုံးတွေကိုကြည့်ရင်း ကျွန်မ တစ်ချက်ပြုံုးလိုက်ပါတယ်။
ပြီးတော့မှ “ အော်… ကိုယ့်ကိုချစ်တဲ့ ကိုယ့်ကိုလက်ထပ်နိုင်မဲ့ လူတစ်ယောက်ကို ရှာပြီးကျွန်မလည်း လက်ထပ်လိုက်မှာပေါ့ ”
သူမျက်နှာမှာ အလိုမကျတဲ့ အရိပ်ယောင်ပေါ်လာပြီး မျက်ခုံးတစ်ချက်ကျုံ့လိုက်ပါတယ်။
“ ဒါဆို မင်းကိုယ့်ကို တကယ်မချစ်ဖူးဘူး ” တဲ့။
“ ခုအချိန်ထိတော့ ရှင့်ကို ချစ်ပါတယ်။ ဒါပေမဲ့ ရှင်လက်ထပ်သွားရင်တော့ … ကျွန်မကိုတောင် မချစ်လို့ အခြားတစ်ယောက်ကို လက်ထပ်သွားသေးတာ ကျွန်မက ဘာလို့ ဆက်ချစ်နေရဦးမှာလဲ ။ ချစ်နေတော့ရော ဘာတွေထူးခြားမှာမို့လဲ ။ ”
နောက်ထပ် ကျွန်မဆက်ပြောလိုက်မိပါသေးတယ် “ စိတ်ချပါ သူများအိမ်ထောင်ရေးကို လိုက်မနှောင့်ယှက်ပါဘူး။ ရှင်လက်ထပ်သွားရင် ကျွန်မ စောင့်နေမှာမဟုတ်ဘူး Ok ….! ”
အချိန်တွေပြောင်းသွားတဲ့အခါ တူညီတဲ့မေးခွန်းတစ်ခုကိုပဲ ဖြေလိုက်တဲ့အဖြေကတော့ ကွဲပြားသွားပါတယ်။
မချစ်တော့လို့ ၊ သွေးအေးလာလို့ ဒီလိုတွေ ဖြေလိုက်တာမဟုတ်ပါဘူး။ တကယ်တမ်းက ရင့်ကျက်သွားကြလို့ မြင်တဲ့အမြင်တွေ ၊ တွေးတဲ့အတွေးတွေ မတူညီကြတော့တာပါ။

အသက်တွေကြီးလာတာနဲ့ အမျှ မျက်စိစုံမှိတ်ပြီး နှလုံးသားနဲ့ မဆုံးဖြတ်တတ်ကြတော့ပါဘူး။
နှလုံးသားတွေ ခံစားချက်တွေအစား ဦးနှောက်ကပါ ပူးတွဲပြီး အလုပ်လုပ်လာကြပါတယ်။
အရင်က မနူးမနပ်နဲ့ အချစ်တွေကို ခံစားပြီး ရူးမူးနေမှာလည်း မဟုတ်တော့ပါဘူး ။
လူတစ်ယောက်က ကိုယ့်ကိုချစ်ပါတယ်လို့ ပြောခဲ့ရင် ယုံလို့ရသလားလို့ လာမမေးပါနဲ့။
သေတပန်တစ်သက်ဆုံး နေထိုင်ကြည့်ပြီးမှ ယုံစားလိုက်ပါ။
ဘယ်နိုင်ငံကို ဘယ်လိုအလည်ပို့ပေးမယ်လို့ ပြောခဲ့ရင် သူလေယာဉ်လက်မှတ်ဝယ်ပြီးတော့မှ ပျော်ပါ။
တစ်နေ့လက်ထပ်ပါမယ်လို့ ပြောလာခဲ့ရင် လက်ထပ်ခွင့်တောင်းပြီး မင်္ဂလာဆောင်တဲ့နေ့မှ ဒီစကားကို ယုံလို့ပုံအပ်ပါ။
တစ်သက်လုံးမခွဲပါဘူးဆိုတဲ့စကားကို အသက်ရူတွေရပ်တန့်သွားချိန်မှ လက်ခံပါ။
လူတိုင်းဟာ ကိုယ့်အတွက်ကိုယ် အသက်ရှင်ကြတာပါ။ သူမရှိလို့ မဖြစ်ဘူးဆိုတာက ရှားပါတယ်။
လူတစ်ဦးနဲ့ တစ်ဦးကြားမှာ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းလေးနဲ့ မပြည့်စုံပါဘူး ။
အခြားနားလည်မှုတွေ သည်းခံမှုတွေ အဘက်ဘက်ကနေရှိနေဦးမှ သူတို့ရဲ့အချစ်ခရီးလမ်းက ဖြောင့်ဖြူးကြာမှာပါ။
ဘယ်အရာကိုမဆို အလွန့်လွန်မျှော်လင့် မထားစေချင်ပါဘူး။ လက်တွဲထားချိန်မှာ အတတ်နိုင်ဆုံး ဂရုတစိုက်နဲ့ တန်ဖိုးထားကြပါ။
မျှော်လင့်လို့ ဖြစ်မလာတဲ့ ခံစားချက်က ဆိုးရွားလွန်းပါတယ။်

အွန်လိုင်းဒိတ်လုပ်တဲ့အခါပထမဆုံးပြောဆိုသင့်တဲ့အချက်(၅)ချက်

သင်ဟာ အွန်လိုင်းဖူးစာရှာ ဝက်ဘ်ဆိုဒ်တစ်ခု ဝင်ရောက်ပြီး တစ်စုံတစ်ယောက်က သင့်ကို မျက်စိကျသွားပြီဆိုရင် ဘာပြောရမလဲ။ သင်ပေးပို့လိုက်တဲ့ ပထမဦးဆုံး message က ချိန်းတွေ့မှု စတင်ဖို့ အခွင့်အရေးရစေနိုင်သလို အစနဲ့အဆုံးလည်း ဖြစ်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်တော်မှန်ကန်တဲ့ message တွေ ပို့တတ်ဖို့ သိပ်အရေးကြီးပါတယ်။
ခြုံပြောရရင် အထူးသဖြင့် မျက်နှာချင်းဆိုင် မတွေ့ဆုံသေးခင်မှာ အရင်ဦးဆုံး စိတ်ဝင်စားမှုရစေမယ့် အရေးကိစ္စဖြစ်ပါတယ်။

၁။ ရယ်စရာဟာသလေး တစ်ခုခုပြောပါ
အွန်လိုင်းချိန်းတွေ့သူ အများစုက သူတို့ကို ရယ်မောစေနိုင်မယ့်လူကို ရှာဖွေနေကြပါတယ်။ ပေါတောတော ပြောဆိုခြင်းမျိုးတော့ ရှောင်ကြဉ်ပါ။ ကိုယ်ပြောတဲ့ ရယ်စရာဟာသလေးက နှစ်ဦးလုံး သိနိုင်တဲ့ ဟာသလေး ဖြစ်ရပါမယ်။

၂။ လူတိုင်း ချီးမွမ်းခံချင်ကြတာ
ပထမဆုံး message မှာ မြောက်ပင့်ပြောဆိုသည့်စကားတွေက ထိရောက်ပါတယ်။ ဒါပေမယ့် ပေါ့ပေါ့တန်တန်ပြောဆိုမှုတွေကတော့ တလွဲအကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ အဖြစ်မှန်လေးတစ်ခုခုကို အရင်းခံဖို့ အရေးကြီးပါတယ်။

၃။ သူ share ထားတဲ့ စိတ်ဝင်စားစရာအကြောင်းအရာများနဲ့ စတင်ပါ
နှစ်ဦးလုံးသိတဲ့ အကြောင်းအရာတချို့ သိရှိခြင်းက အပြန်အလှန်စကားပြောဆိုခြင်းအတွက် လမ်းဖွင့်စေနိုင်ပါတယ်။ သူ/သူမရဲ့ ဂီတစိတ်ဝင်စားမှု၊ အကြိုက်ဆုံး အစားအစာ၊ အလုပ်အကိုင်ကို လိုက်ကြည့်ပြီး သူစိတ်စားတဲ့အရာပေါ်တည်ပြီး စကားစပြောပါ။

၎။ မေးခွန်းတစ်ခုခု မေးပါ                 
ပွင့်လင်းတဲ့ မေးခွန်းတစ်ခုတော့ ဖြစ်ရပါမယ်။ သို့မဟုတ်ပါက အပြန်အလှန်စကားပြောဆိုမှုက မစတင်ခင် အဆုံးသတ် သွားနိုင်ပါတယ်။ ပထမဆုံး message မှာ လူချင်းတွေ့ဆုံဖို့ တောင်းဆိုမှုမျိုး ရှောင်ကြဉ်ပါ။ အဲဒီအစား သူ့ profile ပေါ် တွေ့ရှိတဲ့ အကြောင်းအရာတစ်ခုခုပေါ်တည်ပြီး ဂီတကို စိတ်ဝင်စားလား၊ အကြိုက်ဆုံး Band က ဘာလဲ ဆိုတာမျိုး မေးမြန်းနိုင်ပါတယ်။

၅။ စိတ်လှုပ်ရှားနေလား၊ ရိုးရိုးရှင်းရှင်းပဲ ပြောဆိုပါ
Hey ဆိုတဲ့ ရိုးရိုးရှင်းရှင်းနှုတ်ဆက်စကားလေးနဲ့ သတိထားမိအောင် ပြုလုပ်ပါ။ သင် စပို့တဲ့ message က လိုရင်းတိုရှင်းဖြစ်ရပါမယ်။ How are you? စတဲ့ ပေါ့ပေါ့ပါးပါးမွေးခွန်းမျိုးက အဆင်ပြေပါတယ်။

Ref: Mirror
Credit – Trend Myamar
“ …အချစ်ရှိသူတိုင်း ချိုမြိန်သောဘ၀ကို ပိုင်ဆိုင်ဖို့ … ချစ်ရေးချစ်ရာ်
ကိုနေ့စဉ်ဖတ်စို့…