This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Monday, March 7, 2016
အလွယ်တကူစာခိုးချနိုင်တဲ့စမတ်နာရီရောင်းချ
Unfortunately app has stopped “Error ဖြေရှင်းနည်း
********************************
Android Device များတွင် “Unfortunately app has stopped “Error ကိုဖြေရှင်းနည်း
Android Device အသုံးပြုသူတိုင်း “Unfortunately app has stopped “Error ကို ကြုံတွေ့ကြရဖူးမှာပါ။ App တစ်ခုကို အသုံးပြုနေစဉ်မှာပဲ App ဟာ အလုပ်လုပ်တာ ရပ်ဆိုင်းသွားပြီး အဲဒီ Message ကို ရရှိတာ ဖြစ်ပါတယ်။ ဒါဟာ အလွန်စိတ်ညစ်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းများ ရှိနေတဲ့အတွက် ကံကောင်းတယ်လို့ ပြောရမှာဖြစ်ပါတယ်။
App’s Storage ကို ရှင်းလင်းပါ။
ဒီပြဿနာဟာ Contacts, Gallery , Launcher Apps များမှာ မကြာခဏဖြစ်တတ်ပါတယ်။ ဘယ်လို Apps မှာ ဖြစ်သည်ဖြစ်စေ ဒီလိုပြဿနာမျိုးကို ဖြေရှင်းရတဲ့ နည်းလမ်းကတော့ အတူတူပါပဲ။
• သင့်ဖုန်းရဲ့ Settings ထဲသွားပါ။
• Applications> Application Manager ထဲသွားပါ။
• ဘယ်ဘက်သို့ ပွတ်ဆွဲပြီး All Tab ထဲသွားပါ။
• ပြဿနာဖြစ်နေတဲ့ App ကို ရှာပြီး တစ်ချက်နှိပ်ပါ။
• အဲဒီမှာ Clear Data နဲ့ Clear Cache တို့ကို တွေ့ရမှာပါ။
Clear Cache ကို အရင်ဆုံး ပြုလုပ်သင့်ပါတယ်။ သူက App ကိုဖွင့်ချိန်မှာ ပိုမိုမြန်ဆန်အောင် သိမ်းထားတဲ့ ဒေတာများကို ဖျက်ဆီးပေးမှာပါ။ အဲဒီလို ရှင်းရင် App ဖွင့်ချိန်မှာ အနည်းငယ် နှေးကွေးပေမယ့် ပြဿနာ ပြေလည်သွားနိုင်ပါတယ်။
မပြေလည်ဘူးဆိုမှသာ Clear Data ကို ပြုလုပ်သင့်ပါတယ်။ ဒီလိုလုပ်ရင် ဖိုင်များ၊ Settings များ၊ အကောင့်များ အပါအ၀င် App Data များကို ဖျက်ဆီးပစ်မှာပါ။ အဲဒီအတွက် မလိုအပ်ရင် မပြုလုပ်သင့်ပါ။
App ကို Uninstall , Reinstall ပြုလုပ်ပါ။
ဖုန်းမှာ နဂိုပါတဲ့ Apps များ မဟုတ်ရင် Uninstall လုပ်ပြီး Google Play Store ကနေ Reinstall လုပ်ပါ။ Play Store App ကိုဖွင့်ပြီး ဘယ်ဘက်ခြမ်းမှ Menu Bar ကို နှိပ်ပါ။ My Apps ထဲသွားပါ။ ပြဿနာဖြစ်နေတဲ့ App ကို တစ်ချက်နှိပ်ပြီး Uninstall လုပ်ပါ။ အဲဒီနောက်မှာ Install ပြန်လုပ်ပါ။
Restart or Soft Reset လုပ်ပါ။
သင့်ရဲ့ ဖုန်းကို Reset or Soft Reset ပြုလုပ်ပါ။ သင့်ရဲ့ဖုန်းကို Restart မလုပ်တာကြာနေရင် ဒါဟာ ထိရောက်ပြီး ရိုးရှင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ Soft Reset လုပ်ရင် သင့်ဖုန်းကို ပိတ်ပြီး ပြန်ဖွင့်ပေးမှာဖြစ်ပါတယ်။
ရက်အနည်းငယ်ကြာတိုင်း သင့်ဖုန်းကို ပိတ်ပြီး မိနစ်အနည်းငယ် ထားရှိသင့်ပါတယ်။ ဒီလိုလုပ်ရင် Apps, Network, Audio, Email စတာတွေနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ ပြေလည်သွားတတ်ပါတယ်။
Factory Reset လုပ်ပါ။
အပေါ်ကနည်းများနဲ့ အဆင်မပြေရင်တော့ သင့်ဖုန်းကို Factory Reset ပြုလုပ်ပါ။ ဒီလိုလုပ်ရင် သင့်ရဲ့ ဒေတာအားလုံးကို ဖျက်ဆီးမှာ ဖြစ်တဲ့အတွက် မပြုလုပ်ခင်မှာ Backup လုပ်ထားဖို့ အရေးကြီးပါတယ်။ Factory Reset က သင့်ဖုန်းမှ ဒေတာအားလုံးကို ဖျက်ဆီးပြီး စက်ရုံထုတ်အနေအထားအတိုင်း ပြန်လည်ရောက်ရှိအောင် ပြုလုပ်မှာပါ။ အဲဒီအတွက် Bugs များနဲ့ အတူ အရာအားလုံးကို ပျောက်သွားစေပါတယ်။ Factory Reset ပြုလုပ်ပြီးရင် သင့်ရဲ့ Apps နဲ့ ဒေတာများကို ပြန်လည် Restore လုပ်နိုင်ပါတယ်။
Friday, February 26, 2016
♪ “Myanmar Net မှ ပြား ၉ဝ ပရိုမိုးရှင်းပြုလုပ်မည်” ♫
မြန်နှုန်းမြင့် Wifi အင်တာနက်ကို အသုံးပြုနိုင်မည့် Myanmar Net မှ အင်တာနက် 1MB လျှင် ပြား ၉ဝသာ ကျသင့်မည့် ပရိုမိုးရှင်းတစ်ခုကို မတ်လအတွင်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ပရိုမိုးရှင်း အစီအစဉ် အရ မြန်မာနက်ဖေ့ဘုတ်တွင် တင်ထားသည့် post တွင် like ပြုလုပ် ရမည်ဖြစ်သည်။ မတ်လ ၁ ရက်မှ ၇ ရက်အတွင်းမိမိပရိုမိုးရှင်းပြုလုပ် စေလိုသော ရက်တစ်ရက်ကိုရွေးချယ်ပေးရမည့်အစီအစဉ်ဖြစ်ပြီး အသုံးပြု သူများ မှ Comment တွင် ရေးသားထားသည့် မတ်လ ၁ ရက်မှ ၇ ရက် အထိရက်များတွင် ပရိုမိုးရှင်း ပြုလုပ်စေလိုသော ရက်တစ်ရက်ကို ရွေးချယ်၍ Like ပေးရမည်ဖြစ်ပါသည်။
https://www.facebook.com/myanmarnetcommunications/?fref=ts တွင် Like အများဆုံးရရှိသော ရက်အတွက် ပြား ၉ဝ ပရိုမိုးရှင်းကိုပြုလုပ် ပေးသွားမည်ဖြစ်ပြီး Like များကို ဖေဖော်ဝါရီလ ၂၈ ရက် တနင်္ဂနွေနေ့ ထိ နောက်ဆုံးထားပေးနိုင်မည်ဖြစ်သည်။ နေ့စဉ်သုံးပမာဏ ရောက်ရှိပြီး နောက်တွင် အခမဲ့အင်တာနက်ကိုလည်း ယခင်အတိုင်း သုံးစွဲနိုင်ပါသည်။ 1MB လျှင် ပြား ၉ဝ နှုန်း၊ မြန်နှုန်း ၁၆ မီဂါဘစ်ထိဖြင့် ဆက်လက်သုံးစွဲလို ပါက ၄င်းတစ်ရက်တာအတွက် နေ့စဉ်သုံးပမာဏကိုမြှင့်တင်ပေးနိုင် ပါသည်။ ပြား ၉ဝ ပရိုမိုးရှင်းကိုမူ အဆိုပါတစ်ရက်တည်းတွင်သာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနက်အင်တာနက် ဝန်ဆောင်မှုအား လမ်းမတော်၊ လသာ မြို့နယ် များနှင့် Myanmar Plaza တို့အပြင် မရမ်းကုန်း၊ ကျောက်တံတား၊ စမ်းချောင်းမြို့နယ်တို့ရှိ ကွန်ဒိုအချို့တွင်လည်းရရှိအသုံးပြုနိုင် ပြီဖြစ်ပြီး မြန်မာနက် ငွေဖြည့်ကတ်များကို အမှတ် (၂ဝ၅)အနော်ရထာလမ်းနှင့် ဘုန်းကြီးလမ်းထောင့်ရှိ မြန်မာနက်စတိုး၊ မြန်မာပလာဇာရှိ မြန်မာနက်စတိုး နှင့်လမ်းမတော်၊ လသာမြို့နယ် ရှိ မြန်မာနက်လက်လီအရောင်းဆိုင်ပေါင်း ၃ဝဝ နီးပါးတွင် ဝယ်ယူသုံးစွဲနိုင်ပြီဖြစ်သည်။မြန်မာနက်မှ တစ်နေ့တာ သုံးစွဲရန်နေ့စဉ်သုံးပမာဏများအား ကျပ် ၁ဝဝဝ၊ ကျပ် ၂ဝဝဝ နှစ်သက်ရာ ရွေးချယ် နိုင်ပြီး မိမိရွေးချယ်ထားသော သတ်မှတ်ချက် ရောက်ရှိလျှင် ထပ်မံ ကုန်ကျမှုမရှိတော့ဘဲ အခမဲ့အင်တာနက် ကို မြန်နှုန်း ၁၂ဝ ကီလိုဘစ်မှ စတင် ပြီး သုံးစွဲနိုင်ရန် မြန်မာနက်မှ ဆောင်ရွက်ပေးထားပါသည်။
ရဲလင်းလင်းသန်း
Monday, February 15, 2016
မိမိဖုန်းဘက်ထရီ အမြဲ အားပြည့်နေစေဖို့ သိထားသင့်တဲ့ အချက်များ
Gadgets တွေနဲ့ သူတို့မှာ သုံးထားတဲ့ ဘက်ထရီတွေဟာ ပျက်စီးမသွားအောင် ထိန်းသိမ်းမယ့် နည်းတွေ ရှိပါတယ်။ ဒီနေ့ခေတ် Lithium-ion ဘက်ထရီတွေဟာ nickel-metal ပေါင်းစပ်ပြုလုပ်ထားတဲ့ အရင် ဘက်ထရီ အဟောင်းတွေ ထက် ပိုကောင်း၊ ပိုသပ်ရပ်ပြီး ပိုခံနိုင်ရည် ရှိပါတယ်။
အခုခေတ် အသုံးပြုနေတဲ့ ဘက်ထရီတွေအကြောင်း သိထားသင့်တဲ့ အချက်တွေကတော့…
၁။ ဖုန်းကို တစ်ညလုံး အားသွင်းကြိုးတပ်ပြီး ထားခဲ့နိုင်ပါတယ်။
၂။ ဘယ်ချိန်ဖြစ်ဖြစ် နည်းနည်း ချင်းစီ သွင်းသွင်းပြီးထားပါ။
၃။ လက်ပ်တော့ပ်ကို အမြဲတမ်း ပလပ်ထိုးလျက်ထားခဲ့နိုင်ပါတယ်။
၎။ ဘက်ထရီကို အမြဲတမ်း အေးအောင်ထားပါ။
၅။ ဘက်ထရီတွေအားကို အနည်းငယ် ချန်ချန်ပြီးထားရပါမယ်။
Credit – Trend Myanmar
Saturday, February 13, 2016
Google Play Store နဲ့ ဖုန်း Setting များမှာမြန်မာစာမှန်ကန် အောင်လုပ်နည်း
နည်းပညာ ပိုစ့်လေးထင်ပါတယ်။ Google Play Store နဲ့ ဖုန်း Setting များမှာမြန်မာစာမှန်ကန် အောင်လုပ်ယူတဲ့နည်းလေးပါ။ တချို့ဖုန်းတွေရဲ့ Setting မှာမြန်မာစာနဂိုထဲကပါလာပြီ မြန်မာစာမမှန်တဲ့ပြက်သနာကို အားလုံးသိမှာပါ။ နောက် Setting မြန်မာစာမှန်ပြီ Play Store မှာမြန်မာစာမှားနေတာတွေလည်း အားလုံးသိမှာပါ။ အဲ့ပြက်သနာတွေကို ဖြေရှင်းဖို့ အခက်တွေ့နေသူများ ယခုပိုစ့်လေးကိုကြည့်၍ ဖြေရှင်းနိုင်ပါတယ်။ တောင်းထားသူကကျနော် Cb များလာတော့ ပြန်ဖြေမပေးနိုင်တော့တာနဲ့ Video တခုနဲ့အစမ်းပုံရိပ်ပြလိုက်ပါတယ်။ နည်းပညာလေ့လာနေသူတွေအတွက်တော့ အသုံးဝင်မှာပါ။ ကဲ ဘာမှထွေထွေထူးထူးမရှင်းပြတော့ပါဘူး။ လိုအပ်သူတွေ Video လေးကိုစိတ်ရှည်စွာကြည့်၍ ကိုယ်တိုင်စမ်းအသုံးပြုနိုင်ပါတယ်။
Friday, February 12, 2016
Android phones တွေပေါ်မှာ Google Account ကိုဖျက်ချနည်းများ
မည်သည့်ဖုန်းမဆို Pattern lock ကျလို့စိတ်မညစ်နဲ့CWM သွင်းထားရင် ရပြီ
မိမိတို့၏ Pattern lock, password lock , pin lock တွေ ကျနေလို့ စိတ်မညစ်လိုက်ပါနဲ့
အောက်က ပေးထားတဲ့ Zip ဖိုင်လေးကို ဒေါင်းပြီး SD card ထဲထည့်ပေးလိုက်ပါ
CWM ထဲဝင်လိုက်ပါ ပြီးရင် install from zip ဆိုပြီး ခုန ဒေါင်းထားတဲ့ Zip ဖိုင်ကို
ရွေးပေးလိုက်ရင် ခဏစောင့် install ပြီးပါက boot ပြန်တက်လာရင်
lock တွေ မရှိတော့ပါ
မှတ်ချက်- System ကို ထိခိုက်ခြင်းလုံးဝမရှိပါ။
ဒီမှာဒေါင်းပါ