အလည်လာသူများ

Friday, February 26, 2016

♪ “Myanmar Net မှ ပြား ၉ဝ ပရိုမိုးရှင်းပြုလုပ်မည်” ♫

မြန်နှုန်းမြင့် Wifi အင်တာနက်ကို အသုံးပြုနိုင်မည့် Myanmar Net မှ အင်တာနက် 1MB လျှင် ပြား ၉ဝသာ ကျသင့်မည့် ပရိုမိုးရှင်းတစ်ခုကို မတ်လအတွင်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ပရိုမိုးရှင်း အစီအစဉ် အရ မြန်မာနက်ဖေ့ဘုတ်တွင် တင်ထားသည့် post တွင် like ပြုလုပ် ရမည်ဖြစ်သည်။ မတ်လ ၁ ရက်မှ ၇ ရက်အတွင်းမိမိပရိုမိုးရှင်းပြုလုပ် စေလိုသော ရက်တစ်ရက်ကိုရွေးချယ်ပေးရမည့်အစီအစဉ်ဖြစ်ပြီး အသုံးပြု သူများ မှ Comment တွင် ရေးသားထားသည့် မတ်လ ၁ ရက်မှ ၇ ရက် အထိရက်များတွင် ပရိုမိုးရှင်း ပြုလုပ်စေလိုသော ရက်တစ်ရက်ကို ရွေးချယ်၍ Like ပေးရမည်ဖြစ်ပါသည်။

https://www.facebook.com/myanmarnetcommunications/?fref=ts တွင် Like အများဆုံးရရှိသော ရက်အတွက် ပြား ၉ဝ ပရိုမိုးရှင်းကိုပြုလုပ် ပေးသွားမည်ဖြစ်ပြီး Like များကို ဖေဖော်ဝါရီလ ၂၈ ရက် တနင်္ဂနွေနေ့ ထိ နောက်ဆုံးထားပေးနိုင်မည်ဖြစ်သည်။ နေ့စဉ်သုံးပမာဏ ရောက်ရှိပြီး နောက်တွင် အခမဲ့အင်တာနက်ကိုလည်း ယခင်အတိုင်း သုံးစွဲနိုင်ပါသည်။ 1MB လျှင် ပြား ၉ဝ နှုန်း၊ မြန်နှုန်း ၁၆ မီဂါဘစ်ထိဖြင့် ဆက်လက်သုံးစွဲလို ပါက ၄င်းတစ်ရက်တာအတွက် နေ့စဉ်သုံးပမာဏကိုမြှင့်တင်ပေးနိုင် ပါသည်။ ပြား ၉ဝ ပရိုမိုးရှင်းကိုမူ အဆိုပါတစ်ရက်တည်းတွင်သာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
 
မြန်မာနက်အင်တာနက် ဝန်ဆောင်မှုအား လမ်းမတော်၊ လသာ မြို့နယ် များနှင့် Myanmar Plaza တို့အပြင် မရမ်းကုန်း၊ ကျောက်တံတား၊ စမ်းချောင်းမြို့နယ်တို့ရှိ ကွန်ဒိုအချို့တွင်လည်းရရှိအသုံးပြုနိုင် ပြီဖြစ်ပြီး မြန်မာနက် ငွေဖြည့်ကတ်များကို အမှတ် (၂ဝ၅)အနော်ရထာလမ်းနှင့် ဘုန်းကြီးလမ်းထောင့်ရှိ မြန်မာနက်စတိုး၊ မြန်မာပလာဇာရှိ မြန်မာနက်စတိုး နှင့်လမ်းမတော်၊ လသာမြို့နယ် ရှိ မြန်မာနက်လက်လီအရောင်းဆိုင်ပေါင်း ၃ဝဝ နီးပါးတွင် ဝယ်ယူသုံးစွဲနိုင်ပြီဖြစ်သည်။မြန်မာနက်မှ တစ်နေ့တာ သုံးစွဲရန်နေ့စဉ်သုံးပမာဏများအား ကျပ် ၁ဝဝဝ၊ ကျပ် ၂ဝဝဝ နှစ်သက်ရာ ရွေးချယ် နိုင်ပြီး မိမိရွေးချယ်ထားသော သတ်မှတ်ချက် ရောက်ရှိလျှင် ထပ်မံ ကုန်ကျမှုမရှိတော့ဘဲ အခမဲ့အင်တာနက် ကို မြန်နှုန်း ၁၂ဝ ကီလိုဘစ်မှ စတင် ပြီး သုံးစွဲနိုင်ရန် မြန်မာနက်မှ ဆောင်ရွက်ပေးထားပါသည်။

ရဲလင်းလင်းသန်း

0 comments:

Post a Comment

အဆင်မပြေတာများရှိရင်မှာကြားခဲ့နိုင်ပါတယ်