အလည်လာသူများ

Tuesday, February 9, 2016

ရင့်ကျတ်ချစ်ခြင်း

စိတ်ကူးထက် လက်တွေ့ကို
ပိုခုံမင်လာတတ်ပြီ.....
အပေါ်ယံချစ်စကားတွေသုံးပြီး
အချိန်ကုန်နေတဲ့လူမျိုးထက်
အလုပ်တကယ်ကြိုးစားနေတဲ့အမျိုးသားတွေကို
ပိုသဘောကျတတ်လာပြီ...
ကျမ အတွက် ရည်းစားဆိုတာ
မလိုချင်တော့ဘူး
တစ်ဘ၀လုံးစာ လက်တွဲဖော်ချစ်သူကိုပဲ
လိုအပ်နေပြီ....
နှစ်ကိုယ်တူ အိမ်ကလေးတစ်လုံးကို
အိမ်မက်ထဲမှာပဲ စိတ်ကူးမယဉ်နေတော့ဘူး
နှစ်ယောက်တူ Plan ဆွဲပြီး ကြိုးစားနေတတ်ပြီ...
အဲလိုအရာတွေ ကျမ ပြောနေတာ
ဘာကြောင့်လဲ မမေးနဲ့
ကျမအသက်က 25 ဆိုတဲ့ ဘူတာကို
ကျော်လာခဲ့ပြီလေ.....

0 comments:

Post a Comment

အဆင်မပြေတာများရှိရင်မှာကြားခဲ့နိုင်ပါတယ်