အလည်လာသူများ

Tuesday, February 9, 2016

ညံ့ဖျင်းလွန်းခဲ့တဲ့ကိုယ်

ကိုယ့်ကို သိပ်ချစ်ခဲ့တယ်
ဒါပေမယ့်
လမ်းခွဲကြမယ်ဆိုတာက
ကိုယ့်နှလုံးသားမှာ ထာဝရတည်နေခွင့်ရစေဖို့ 
မောင် ဥာဏ်ကောင်းးခဲ့တာမျိုးး..........
ကိုယ်ကသိပ်ဂရုစိုက်တတ်တယ်
ဒါပေမယ့်
မွန်းကြပ်မိပါတယ်ဆိုတာက
ကိုယ့်အချစ်ဘယ်လိုဖြစ်ဖြစ် မောင်မပျော်တော့ဘူးဆိုတာ
ကိုယ်သိအောင် ဥာဏ်ထက်ခဲ့တာမျိုးး...........
ကိုယ်က ချစ်ဖို့ကောင်းပါတယ်
ဒါပေမယ့်
မဖြစ်နိုင်ပါဘူး ဆိုတာက
ကိုယ့်ကိုအမြင့်ပေါ်တင် အဆုံးသတ်မှ မှောက်ချ
မောင်တစ်ယောက် လည်လွန်းခဲ့တာမျိုးး........
အဲ့ဒီလို မောင်က
ခပ်ညံ့ညံ့တော့မဟုတ်လောက်ဘူးး 
ယုံကြည်ခဲ့တဲ့ကိုယ်
နားလည်ပေးခဲ့တဲ့ကိုယ်ကသာ
ညံ့ပေါလွန်းတဲ့လူတစ်ယောက်ဖြစ်ခဲ့တာ…...

0 comments:

Post a Comment

အဆင်မပြေတာများရှိရင်မှာကြားခဲ့နိုင်ပါတယ်