File Manager ဆိုတာကတော့ ဖုန်းတိုင်းမှာမရှိမဖြစ်ကို လိုအပ်တဲ့ Application တစ်ခုဖြစ်ပါတယ်ဗျာ။ ဖုန်းထဲမှာလည်း Original ပါပြီးသားပါပဲ။ ဒါပေမယ်Original ပါပြီးသားကတော့ သာမန် File Manager တစ်ခုပါပဲ။ ကျွန်တော်အခုတင်ပေးလိုက်တဲ့ ES File Explorer Pro v3.2.5.5 ကတော့ File Manager တစ်ခု ထက်သာလွန်ကောင်းမွန်တဲ့ Function တွေအများကြီးထပ်မံပါဝင်တာကိုတွေ့ရပါတယ်ဗျာ။ ES File Explorer ကိုအသုံးပြုလိုက်တာနဲ့ မိမိရဲ့ File Manager ထဲမှာရှိတဲ့ Data တွေအားလုံးကို Backup/Restore လုပ်ပေးနိုင်မှာဖြစ်ပါတယ်ဗျာ။ File Manager ထဲမှာရှိတဲ့ မိမိရဲ့ ဖိုင်တွေကို Online ပေါ်ကို Upload တင်နိုင်ပါတယ်။ Dropbox , Mediafire , Box , GDrive , အစရှိတာတွေနဲ့ Upload တင်နိုင်ပါတယ်ဗျာ။ Rar File တွေ Zip File တွေကိုလည်း ဖြည်နိုင် ချုံ့နိုင်မှာဖြစ်ပါတယ်ဗျာ။ ဒါ့အပြင် အခြားသောဖုန်းတွေမှာ Apk တွေဟာ Icon ပုံမပေါ်ပါဘူး အခုတင်ပေး ထားတဲ့ ES File Manager ကိုသာအသုံးပြုမယ်ဆိုရင်တော့ Apk ရဲ့ Icon တွေကိုလည်းအကုန်မြင်ရမှာဖြစ် ပါတယ်ဗျာ။ Photo တွေဟာလည်း ဖွင့်မကြည့်သေးပဲနဲ့ jpg file လေးတွေကနေပြီး ပုံအသေးလေးတွေကို မြင်တွေ့နေရမှာဖြစ်ပါတယ်ဗျာ။ ဒါဆိုရင်တော့သုံးရတာအရမ်းအဆင်ပြေပြီးလွယ်ကူသွားပါပြီ။ ဖုန်းထဲမှာ မလိုအပ်တဲ့ Cache , Junk , စတာတွေကိုလည်းရှင်းလင်းပေးမှာဖြစ်ပါတယ်ဗျာ။ Android OS 2.3 နှင့် အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ
0 comments:
Post a Comment
အဆင်မပြေတာများရှိရင်မှာကြားခဲ့နိုင်ပါတယ်