အလည်လာသူများ

Monday, March 7, 2016

နောက်ဆုံးကဗျာ


ဘ၀ဆိုတာ ခဏလေးပါပဲ...တဲ့။
အချစ်ဆိုတာလည်း
ဘယ်လောက်ကြာမှာတဲ့လဲကွယ်။
နောက်ဆုံး.... ကဗျာ
ပျောက်ဆုံးမှာစိုး၊
မြတ်နိုးသိမ်းထား၊ ရင်ခွင်ကြားမှာ...
ကာလကြာတော့..မင်ရောင်ဖျော့ညစ်
ဒါ.... အချစ်လား။
အချစ်ကြာ... ကြာ..အပြစ်ရှာတွေ့၊
မေ့မေ့မုန်းမုန်း၊ စာပန်းကုံးလေး
သူ... ပေးခဲ့ပြီ။
ပေးခဲ့တဲ့...စာရင်မှာနာလည်း...၊
ဘ၀ဆိုတာတောင်ခဏလေးပါပဲ....တဲ့၊
အချစ်ဆိုတာလည်း....
ဘယ်လောက်ကြာမှာတဲ့လဲကွယ်။
ဒီလိုနဲ့ပဲကိုယ့်ရင်ထဲ
ကြေကွဲမျက်ရည် ၀ဲတော့တယ်...။ ။

Credit - မောင်လှမျိုး (ချင်းချောင်းခြံ


**လာလည်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်**

0 comments:

Post a Comment

အဆင်မပြေတာများရှိရင်မှာကြားခဲ့နိုင်ပါတယ်